MyRingTune ၏ Website ရဲ့ Website အသစ်မှာ ဘယ်လို Feature အသစ်တွေ ထပ်ထည့်ထားသလဲ။

17 oct

MyRingTune အသုံးပြုသူတွေ ပိုပြီးတော့ လွယ်လွယ် ကူကူ အသုံးပြု နိုင်အောင် ဆိုပြီး MyRingTune ရဲ့ Official Website ကို ၂၀၁၀ ခုနှစ်ကတည်းက လွင့်တင်ထားပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ အဲဒီ website ကို ဒီဇိုင်း အသစ်၊ အသွင်သစ် နဲ့ re-branding ပြုလုပ်ပြီး အသုံးပြုသူထံ ထပ်မံ ရောက်ရှိလာပါပြီ။
တစ်ကယ်လို့ သင်ဟာ Telenor တို့ Ooredoo တို့ မပေါ်ခင် ၂၀၁၀ ခုနှစ်ကတည်း ကတည်း GSM ဖုန်း ကိုင်သူ တစ်ယောက် ဖြစ်ခဲ့ပြီး အဲဒီကတည်းက Ring Tune ဝန်ဆောင်မှုကို ကိုယ်တိုင် ဖုန်းထဲမှာ ထည့်ထားတဲ့ သူတစ်ယောက်ဆို MyRingTune ရဲ့ Website နဲ့ နဂိုကတည်းက ရင်းနှီးပြီးသား ဖြစ်မှာပါ။
MyRingTune နဲ့ ဖုန်းသီချင်းသံ ဝန်ဆောင်မှုကို ဟိုးအရင်ကတည်း အသုံးပြုဖူးသူ တစ်ယောက်ဆို အခု Post က သင်ကို စိတ်ဝင်စား စေမှာပါ။
၁။ ဘာကြောင့် Feature အသစ်တွေ ထပ်ထည့်ထားတာလဲ။
website အသစ်တွင် အသုံးပြုသူများ အတွက် ပိုမို အဆင်ပြေစွာ အသုံးပြုနိုင်ရန် ပိုမိုကောင်းမွန်သော Feature များဖြင့် ပြုပြင်ပြောင်းလဲမှုျား ပြုလုပ်ခဲ့ကြောင်းသိရသည်။ MyRingTune ၏ ပင်မ ရည်ရွယ်ချက်မှာ အသုံးပြုသူများသည် မိမိ ရှာဖွေလိုသော တေးသံများကို လွယ်ယူစွာ ရှာဖွေပြီး Song Code ကို ရှာဖွေ နိုင်ရန် ဖြစ်သည်။ အသုံးပြုသူများအနေနှင့် မိမိတို့ နှစ်သက်သော တေးသီချင်း၏ Song Code ကို သိရှိမှသာ SMS ဖြင့် အဆိုပါတေးသံကို ဝယ်ယူခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။
၂။ website အသစ်မှာ သီချင်းတွေကို ပိုမိုလွယ်လွယ် ကူကူ ရှာလို့ရသွားလား။ ဘယ်လို Feature အသစ်တွေ ပါသေးလဲ။
ဖုန်းမှတစ်ဆင့် website ကိုဖွင့်လှစ်ပြီး မိမိ ကြိုက်နှစ်သက်သည့် သီချင်းများကို ရှာဖွေကာ နားစဉ်နိုင်မည့်ဖြစ်သည်။ အဆိုပါ webstie တွင် တေးသံ စုစုပေါင်း ၂ သောင်းကျော် ထည့်သွင်းထားပြီး Rock, Hip Hop အစရှိသည့် ပေါ်ပြုလာဖြစ်သော တေးသံများအပြင် တိုင်းရင်းသား တေးသံများ သာမက ဆရာတော်ကြီးများ၏ တရား ဓမ္မ အသံများကိုပါ ဖုန်း Ring Tune အနေနှင့် ပြုလုပ်နိုင်ရန် စုံလင်စွာပါဝင်သည်။ ထို့ပြင် လူကြိုက်များသော သီချင်းများကိုလည်း သီသန့် ရွေးထုတ်ထားသည့်အတွက် သီချင်းကောင်း များကို ရှာဖွေရန်မလိုဘဲ home page မှာတင်ကြည့်ရှုနိုင်သည်။
တေးသီချင်းများကို ရှာဖွေရာတွင်လည်း အမျိုးသား အဆိုရှင်၊ အမျိုးသမီး အဆိုရှင်၊ duet, group စသည်ဖြင့် စနစ်တကျ ခွဲခြားထားသော ကြောင့် အဆင်ပြေစွာ ရှာဖွေ နိုင်မည်ဖြစ်သည်။
MPT ဆမ်းကဒ် အသုံးပြုသူများ အနေ နှင့် ကြိုက်နှစ်သက်သည့် တေးသံများကို ဖုန်း browser မှတစ်ဆင့် one click (ခလုပ်တစ်ချက် နှိပ်ရုံဖြင့်) ကြိုက်နှစ်သက်ရာတေးသွားများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ အခြားသော MyRingTune ၏ CRTB ဝန်ဆောင်မှု နှင့် ပက်သက်သည့် အသုံးပြုနည်းများကိုလည်း ပြည်စုံစွာ ဖော်ပြထားသည်။
၃။ တစ်ချို့ Ring Tune တွေကို ခေါ်ယူသူနားစဉ် တေးသံတင်မကဘူး ဖုန်း RingTone ပါလုပ်ချင်တာ အဲဒီ mp3 ဖိုင်တွေကို ဘယ်လို Download ဆွဲလိုရမလဲ။
အသုံးပြုသူများအနေနှင့် Facebook Account ကို အသုံးပြုကာ My RingTune ကောင့်ဆောက်လုပ်ခြင်း၊ နှစ်သက်သည့် တေးသွားများအောက်တွင် Comment ဝင်ရေးခြင်းကို ပြုလုပ်ခြင်း များကို ပြုလုပ်နိုင်မည်ဖြစ်သည်။ Facebook ဖြင့် Login ဝင်ပြီးသူများအနေ နှင့် မိမိနှစ်သက်သော တေးသွားများကို mp3 ဖိုင်ဖြင့် ဖုန်းအတွင်း အခမဲ့ Download ပြုလုပ်နိုင်ပြီး ဖုန်း RingTune အပြစ်ထားနိုင်မည်ဖြစ်သည်။
၄။ အခုနောက်ပိုင်း ပေါ်လာတဲ့ အခြားသော Ring Tune Website တွေထက် My RingTune Website မှာ ပိုပြီးကောင်းတဲ့ အချက်တွေ ရှိသလား။
My RingTune အဖွဲ့သားတွေ အနေ နဲ့ အချိန်တွေ အများကြီး ပေးပြီး RingTune Website အတွက် အကောင်းဆုံး Function တွေကို အကြိမ်ကြိမ် ငြင်းခုန် တိုင်ပင်ရင် တည်ဆောင်ခဲ့ ကြပါတယ်။ Responsive ဖြစ်တာကြောင့် Mobile Phone တွေ နဲ့ Tablet တွေထဲက Browser တွေနဲ့ ကြည့်ရင် အခြားသော Website တွေထက် ပိုပြီးတော့ လွယ်လွယ် ကူကူ ကြည့်လို့ ရမှာပါ။
အခြား webstie တွေမှာ Facebook နဲ့ အကောင့် ဆောက်လို့ မရသလို ကိုယ်အားပေးတဲ့ အဆိုတော်ရဲ့ Ring Tune အောက်မှာ Comment တွေ အပြန်အလှန်ပေးပြီး စကားတွေပြောလို့ မရပါဘူး။
ဖုန်း နဲ့ သုံးပြီးဆို အခြား website တွေမှာ click တစ်ချက် နှိပ်လိုက်ရုံ နဲ့ SMS ထဲ သီချင်း ကုဒ် နံပါတ် ထည့်ပေးတဲ့ ဖန်ရှင် မပါတာကြောင့် code နံပါတ်တစ်ခေါက်ရှာ ပြီးတော့ တစ်လုံးချင်းဆီ ဖုန်းထဲကို ရိုက်ထည့်နဲ့ အလုပ်ရှုပ်ပါတယ်။ My RingTune မှာ ဖုန်း နဲ့ သုံးမယ်ဆို Click တစ်ချက် နှိပ်လိုက်တာနဲ့ (One Click) တစ်ခါတည်း SMS ထဲ သီချင်း ကုဒ်နံပါတ်ထည့်ပေးပါတယ်။
၅။ တစ်ကယ်လို့ website နဲ့ ပက်သက်တာတွေအတွက် မေးစရာတွေ ရှိရင် ဘယ်ကို ဆက်သွယ်ရမလဲ။
Webstie အသုံးပြုသူများအနေနှင့် MyRingTune ၏ Website နှင်ပက်သက်ပြီး ပိုမိုသိရှိလိုပါက ၄င်း MyRingTune ၏ ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၄င်း ဖုန်းနံပါတ် ၀၁-၆၅၂၂၅၃၊ ၀၁-၆၅၂၂၅၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရပါသည်။
MyRingTune Website Admin
အသိပေးစာ။ ။ www.myringtune.co ရှိ blog post များကို ခွင်ပြုချက် တောင်းယူရန်မလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်သည်။ အခကြေးငွေဖြင့်ဖြစ်စေ/အခကြေးငွေမဲ့ဖြစ်စေ blog post များကို အသုံးပြုရန်အတွက် www.myringtune.co သို့ link ပြန်ပေးရန် လိုအပ်သည်။