သင်မသိသေးသော My RingTune ဝန်ဆောင်မှု အသုံးပြု နည်း ၅ ခု

17 oct

ဖုန်းခေါ်ရင် ကြားနေကျ တူး… တူး… တူး… အသံတွေအစား သီချင်းသံလေးတွေ ထည့်ဖို့ လုပ်မယ်ဆို Ring Tune ဝန်ဆောင်မှုကို on ရမှာဖြစ်ပါတယ်။ Ring Tune အသုံးပြုနည်းတွေက လွယ်ကူပြီး တစ်ကယ်လုပ်ရင် မိနစ်ပိုင်းသာ ကြာပေမယ့် ဘယ်လိုလုပ်ရမလဲ မသိတဲ့ သူတွေအတွက် ဖုန်း service ဆိုင်သွားရင်လည်း ပိုက်ဆံတွေ အများကြီးပေးရ သိမယ်ထင်တဲ့လူတွေ လိုက်မေးတော့လည်း ရေရေ ရာရာ မဖြေပေးကြပေမယ့် မေးရတာ မျက်နှာငယ်လှ နဲ့ တိုင်ပတ်တတ်ပါတယ်။ အခု post မှာ အဲဒီလို တိုင်ပတ်တာတွေ နဲ့ ကင်းဝေးစေဖို့ MyRingTune ၏ ဝန်ဆောင်မှု အသစ်တစ်ခုဖြစ်တဲ့ 7979 ဝန်ဆောင်မှု အပေါ် အခြေခံပြီး Ring Tune အသုံးပြုနည်း ၅ ခုကို ပြောပြသွားမှာ ဖြစ်ပါတယ်။


၁။ MyRingTune ကို Subscribe ပြုလုပ်နည်း
အသုံးပြုမယ်ဆို ပထမဆုံး Subscribe ပြုလုပ်ရမှာဖြစ်ပါတယ်။ Subscribe ပြုလုပ်နည်း ၂ မျိုးရှိပါတယ်။ Reg M နဲ့ Reg D ဆိုပြီးဖြစ်ပါတယ်။ Reg M က လစဉ် တွက်ယူတဲ့ ပုံစံမျိုး ဖြစ်ပြီး တစ်လလျှင် ၁၀၅၀ ကျပ် ကျသင့်မှာဖြစ်ပြီး Reg D က နေ့စဉ် တွက်ယူတဲ့ ပုံစံဖြစ်ပါတယ် သူက တစ်ရက်ကို ၄၇ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ နည်း ၂ မျိုးလုံးက ကျသင့်ငွေကို လတစ်လရဲ့ ပထမဆုံး ရက်မှာ ဖုန်း bill ထဲကနေ နုတ်သွားမှာဖြစ်ပါတယ်။
၂။ ငွေကုန်ကြေးကျ သက်သာအောင် MyRingTune ထဲက သီချင်းတွေကို ကိုင်ကွယ်နည်း
ဖုန်းထဲမှာ သီချင်းသံတွေ ကြားနေရချင်တယ်ဆိုရင် အဲဒီ သံစဉ် ကို ဝယ်ယူရမှာ ဖြစ်ပါတယ်။ သီချင်းဝယ်ဖို့ ကိုယ်ဝယ်မယ့် သီချင်းရဲ့ ကိုသိဖို့ လိုပါတယ်။ အဲ့ဒီ သိအောင် လုပ်ရတာမခက်ပါဘူး www.myringtune.co ကိုသွားပြီး ကိုယ် ရှာမယ့် သီချင်းရဲ့ အမည် ဒါမှမဟုတ် အဆိုတော် အမည် ဒါမှမဟုတ် album အမည်တို့ နဲ့ ရှာလို့ ရပါတယ်။
ကဲ ကို သိသွားပြီ တစ်ကယ် ဝယ်တော့မယ်ဆို buy ဆိုပြီး 7979 သို့ SMS ပေးပို့ လိုက်ပြီဆိုတာ နဲ့ အဲဒီ သီချင်း ကို ကိုယ်က ဝယ်ယူပြီး ဖြစ်သွားပါပြီ။ ဆိုတဲ့နေရာမှာ ကိုယ် Defaule ထားချင်တဲ့ သီချင်းရဲ့ code ဖြစ်ရမှာပါ။ သိဖို့ လိုတာတစ်ခုက သီချင်း တစ်ပုဒ် ကို ၃၁၅ ကျပ်ခန့် ကျသင့်ပြီး တစ်လ တစ်ခါ ဖုန်း bill ထဲက နုတ်သွားမှာဖြစ်တာကြောင့် ၁ ပုဒ် ၂ ပုဒ် ဝယ်တာ မသိသာပေမယ့် သီချင်းတွေ အများကြီး ဝယ်ထားမိရင် လတိုင်း ဖုန်း bill တွေက အများကြီး လျှော့လျှော့ နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သီချင်းတွေ အများကြီး မဝယ်မိအောင် သတိပြုမယ်ဆိုရင် ပိုက်ဆံတွေ မလိုအပ်ပဲ အများကြီး မကုန်တော့ပါဘူး။
ကိုယ်ဝယ်ထားတဲ့ သီချင်းက ၂ ပုဒ် ၃ ပုဒ် ဖြစ်နေတယ် အဲဒီအထဲက တစ်ပုဒ်ကို Default ထားချင်တယ် ဆိုရင် def ဆိုပြီးပေးပို့ ရမှာဖြစ်ပါတယ်။
ကိုယ်က ဘယ်သီချင်းတွေ ဝယ်ထားမိလဲ မမှတ်မိတော့ဘူး ၊ ကိုယ်ဝယ်ထားတဲ့ သီချင်းတွေ အားလုံးပေါင်း ဘယ်နှစ်ပုဒ်ရှိလဲ မမှတ်မိတော့ဘူး၊ ဘယ်သီချင်းတွေ ဝယ်ထားလဲ မမှတ်မိတော့ဘူး အစရှိတာတွေကို ပြန်ပြီး သိချင်ရင် 7979 ကို mylib ဆိုပြီးပို့လိုက်ရင် ဝယ်ထားတဲ့ သီချင်းတွေကို Server က Reply ပြန်ပေးမှာ ဖြစ်ပါတယ်။
၃။ MyRingTune မှာ ဘယ်သီချင်းတွေက လူသုံးအများဆုံးလဲ သိအောင် ဘယ်လိုလုပ်မလဲ
တစ်ခါ တစ်လေ ဘယ်သီချင်းကို Ring Tune လုပ်ရင်ကောင်းမလဲ ဆိုပြီး စဉ်းစားတဲ့ အခါတိုင်း သီချင်း ကောင်းကောင်း ရွေးရင်း ခေါင်းစားမိတဲ့ အချိန်တွေ ရှိပါတယ်။ အဲဒီလို အချိန်တွေမှာ ဘယ် သီချင်း တွေက ခေတ်စား နေလဲ၊ ဘယ်သီချင်း တွေကို လူတွေက Ring Tune လုပ်လေ့ရှိလဲ သိမယ်ဆို သီချင်းရွေးရတာ ပိုပြီး လွယ်သွားမှာဖြစ်ပါတယ်။ တစ်ကယ်တော့ MyRingTune မှာ ပေါ်ပြူလာဖြစ်နေတဲ့ သီချင်းတွေကို သိအောင် လုပ်ဖို့ မခက်ပါဘူး 7979 ကို top ဟု SMS ပေးလိုက်ရင် ပေါ်ပြူလာအဖြစ်ဆုံး သီချင်း တွေကို reply ပြန်ပေးပါလိမ့်မယ်။
၄။ သီချင်းအသစ်တွေကို သိအောင် လုပ်လို့ရသလား
လူသုံးအများသုံး သီချင်းတွေ တင်မကဘူး နောက်ဆုံး အသစ်ထွက်တဲ့ သီချင်းတွေကို ပါသိချင်တယ် ဆိုလည်း လုပ်လို့ ရတဲ့ နည်းရှိပါသေးတယ်။ latest ဆိုပြီး 7979 သို့ ပို့လိုက်ရင် နောက်ဆုံး ထွက်ထားတဲ့ သီချင်းတွေကို reply ပြန်ပေးပါလိမ့်မယ်။
၅။ ဝယ်ယူပြီးသီချင်းတွေထဲက မလိုတော့တဲ့သီချင်းကို ဘယ်လို ပြန်ဖျက်မလဲ ဒါမှမဟုတ် ဝန်ဆောင်မှု ကို ဆက်မသုံးချင်ရင် ဘယ်လိုလုပ်မလဲ
သီချင်းတွေက ကိုယ်ဝယ်ထားသလောက် လစဉ် bill ထဲက နုတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်ထားတဲ့ သီချင်းတွေထဲက မလိုအပ်တဲ့ သီချင်းတွေကို delete လုပ်ပေးရင် bill ကုန် ပိုမိုသက်သာမှာဖြစ်ပါတယ်။ ဝယ်ယူပြီးသော သီချင်းများ ပယ်ဖျက်ပါမယ်ဆို 7979 သို့ delete ဟုပေးပို့ရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ MyRingTune ဝန်ဆောင်မှု တစ်ခုလုံး ကို ဆက်မသုံးချင်ရင် unr ဆိုပြီး ပေးပို့ရမှာပါ။

နိဂုံး
7979 နံပတ်နဲ့ MyRingTune ဝန်ဆောင်မှု အသစ်က စတင်တာသိပ် မကြာသေးပါဘူး။ MyRingTune ရဲ့ ဝန်ဆောင်မှု အဟောင်း 1772 နဲ့ MPT ရဲ့ အခြားသော RingTune ဝန်ဆောင်မှု တွေဖြစ်တဲ့ 1773 တို့ ထက် ပိုမို စျေးချိုပါတယ်။ 1772/1773 တို့က တစ်လကို ၂၀၀၀ ပေးရပေမယ့် 7979 က လစဉ်ကြေး ၁၀၅ဝကျပ် သို့ နေ့စဉ်ကြေး ၄၇ ကျပ် သာကျသင့်တာမို့ ပိုမို သက်သာ ပါတယ်။
RingTune ဝန်ဆောင်မှုဆိုတာ တေးဂီတ ချစ်မြတ်နိုးသူတွေက မိမိ ခံစားချက်များကို Phone RingTune မှတစ်ဆင့် ဖော်ပြ တာမျိုးပဲ ဖြစ်ပါတယ်။ ဒီ Blog Post ကို ဖတ်ပြီးသွားရင် အဆိုပါ MyRingTune user တွေ အနေနဲ့ 7979 ဝန်ဆောင်မှုကို သုံးရတာ ပိုပြီး အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ်လို့ သိချင်တာတွေ ရှိသေးရင်လည်း အောက်က comment မှာ မေးသွားလို့ရပါတယ်။

MyRingTune Website Admin
အသိပေးစာ။ ။ www.myringtune.co ရှိ blog post များကို ခွင်ပြုချက် တောင်းယူရန်မလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်သည်။ အခကြေးငွေဖြင့်ဖြစ်စေ/အခကြေးငွေမဲ့ဖြစ်စေ blog post များကို အသုံးပြုရန်အတွက် www.myringtune.co သို့ link ပြန်ပေးရန် လိုအပ်သည်။